သွေးလှူတယ်ဆိုတာ အလှူတွေထဲမှာ မွန်မြတ်သန့်စင်ဆုံး အလှူဒါနကြီးတစ်ခုပဲ ဖြစ်ပါတယ်။ မိမိကိုယ်အတွင်းမှာ စီးဆင်းနေတဲ့ သွေးတွေဟာ အခြား သူတစ်ယောက် အသက်ရှင်ဖို့အတွက် အထောက်အကူဖြစ်စေတာလောက် ကုသိုလ်ထူးတာ မရှိနိုင်တော့ပါဘူး။ ပြီးတော့ သွေးလှူခြင်းဟာ ထပ်တလဲလဲ ပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြူစင်တဲ့ လှူဒါန်းမှုတစ်ခု ဖြစ်သလိုတစ်ပါးသူတစ်ဦးရဲ့ အသက်ကို ကယ်တင်ခြင်း ဇီ၀၀ိတဒါန လှူဒါန်းတစ်ခု ဖြစ်ပါတယ်။
ကျွန်မတို့ Strong Source Holding Co., Ltd မိသားစုရဲ့ ဒုတိယအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်း၊ အမျိုးသားသွေးဌာနရဲ့ အထွေထွေ ရံပုံငွေအဖြစ် ငွေကျပ် ငါးသိန်းလှူဒါန်း ပေးအပ်ခြင်း အခမ်းအနားကို 2018 ခုနှစ် နိုဝင်ဘာ ၄ရက်နေ့မှာ အမျိုးသား သွေးဌာနမှာ ကျင်းပသွားခဲပါတယ်။
ပါဝင်လှူဒါန်းခဲ့ကြတဲ့ Strong Source မိသားစုဝင် သွေးလှူရှင်တွေကိုလည်း ကြက်ဥ (၁၀)လုံးတစ်ကတ်၊ နွားနို့ ၁လီတာ တစ်ဗူး၊ Ferrovit သံဓာတ်အားဆေး၊ သီးစုံ ဓာတ်ဆားထုတ်တွေနဲ့ အာဟာရ ပြန်လည်ဖြည့်ပေးခဲ့ပါတယ်။
သွေးဖောက်ပြီးတဲ့အခါ တချို့တွေရဲ့ လက်မှာ အညိုအမည်း စွဲတတ်ပေမယ့် တစ်ပါတ် ဆယ်ရက်လောက်ဆို ပျောက်သွားတတ်တဲ့အတွက် စိုးရိမ်ခြင်း မရှိဖို့၊ တချို့က သွေးလှူပြီးရင် ခေါင်းမူးတတ်တဲ့အတွက် သွေးမလှူခင်ညမှာ အိပ်ရေး၀၀ အိပ်ဖို့၊ သွေးလှူမယ့်ရက်မှာ ရေ၊ အချိုရေတွေ ပိုသောက်ပေးဖို့တွေကိုလည်း ဂရုတစိုက် သတိပေးအကြံပြုခဲ့ပါတယ်။ အထက်ပါ အချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် သွေးလှူခြင်းဟာ ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရှိစေတဲ့အကြောင်း မျှဝေပေးရင်း သွေးလှူသူ Strong Source မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် တိုက်တွန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။