Citywalk Foodies

Citywalk Foodies အကြောင်း တစေ့တစောင်း


Citywalk Foodies ဆိုတာ Strong Source Holding .Ltd ရဲ့ Business Unit တွေထဲကတစ်ခုဖြစ်ပါတယ်။ Citywalk Foodies ကို ဇူလိုင်လ၊ ၅ ရက်၊ ၂၀၂၀ ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ Strong Source Holding ရဲ့ Chief Executive Officer ဦးစိုးနိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။
Citywalk Foodies ကို ဖွင့်လှစ်လိုက်ခြင်းဟာ Foods & Beverage နယ်ပယ်မှာ အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ထားတဲ့ Strong Source Holding ရဲ့ ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် သမားရိုးကျ Franchise Business တစ်ခုမဟုတ်တော့ဘဲ စားသောက်ဆိုင်ပေါင်းများစွာကို တစ်နေရာတည်းမှာစုစည်းပေးထားပြီး SME လုပ်ငန်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ Business တစ်ခုလည်းဖြစ်ပါတယ်။
ရန်ကုန်ရဲ့ Food Court ယဉ်ကျေးမှုတိုးတက်လာတဲ့ လှိုင်းတစ်ခုမှာ Citywalk Foodies ဟာလည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လာနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့စားသောက်ကုန်လုပ်ငန်းတိုးတက်ရေးအတွက် တစ်ဖက်တစ်လှမ်းက ကူညီပေးနိုင်မှာပါ။

စားသောက်ဆိုင်ပေါင်း (၂၀) ပါဝင်ခြင်းကြောင့် စားသုံးသူများအနေနဲ့လည်း ရွေးချယ်စားသောက်စရာ ပေါများခြင်းက Citywalk Foodies ရဲ့ အားသားချက်တစ်ခုပဲဖြစ်ပါတယ်။ လူအသွားအလာများပြီး ရန်ကုန်မြို့ရဲ့ လည်ချင်စရာအကောင်းဆုံးတွေထဲက တစ်ခုဖြစ်တဲ့ Times City မှာ ဖွင့်လှစ်ထားခြင်းကလည်း SME လုပ်ငန်းရှင်တွေအတွက် စားသုံးသူ မိတ်ဆွေအသစ်များကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စားသောက်ကုန်လုပ်ငန်း တိုးတက်လာသည်နှင့်အမျှ မြန်မာ့ရိုးရာ နှင့် တိုင်းရင်းသားရိုးရာအစားအသောက်တွေလည်း တိုးတက်လာသင့်သည် မဟုတ်ပါလား။ ဒါကြောင့်မို့ Citywalk Foodies မှာလည်း မြန်မာ့ရိုးရာ စားသောက်ဆိုင်တွေနဲ့ ရှမ်းရိုးရာအစားအသောက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အစားအသောက်ချစ်သူတွေရဲ့ အသည်းစွဲအစားအသောက်တွေဖြစ်တဲ့ မာလာရှမ်းကော၊ ဝက်သားတုတ်ထိုး၊ ကတ်ကြေးကိုက်၊ ကျောက်အိုးပူအစားအစာတွေနဲ့ ထိုင်းစတိုင် Milk Tea တွေလည်းရရှိနိုင်ပါတယ်။
Citywalk Foodies ရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ နိုင်ငံတကာအစားအသောက်တွေပါ အစုံရရှိနိုင်ခြင်းပဲဖြစ်ပါတယ်။ အိန္ဒိယ၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ် အစားအစာတွေရယ် ဥရောပ အစားအသောက်တွေကို စားသုံးသူတွေအနေနဲ့ တစ်နေရာတည်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။
အချုပ်အားဖြင့် Citywalk Foodies မုန့်ဈေးတန်းဟာ ရန်ကုန်မြို့ရဲ့ လည်ပတ်စရာ၊ စားသောက်စရာ နေရာတစ်ခုအဖြစ် စားသုံးသူတွေရဲ့ ရင်ထဲကို ဝင်ရောက်လာစေမှာဖြစ်ပြီး အမှတ်တရတွေကို ဖန်တီးနိုင်မယ့်နေရာကောင်းတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။

Address
Between Jewellery Mall & Office Tower 3, Ground Floor, Times City.
Contact Phone
(+95) 9-796721111
Citywalk Foodies (Google Map)
အသေးစိတ် သိရှိလိုပါက Citywalk Foodies Official Facebook Page သို့ မေးမြန်းနိုင်ပါတယ်။