Citywalk Foodies(How to Paid)

Citywalk Foodies မှာ ငွေဘယ်လိုရှင်းမလဲ?
Citywalk Foodies ဆိုတာ Times City မှာ ဖွင့်လှစ်ထားတဲ့ Food Court တစ်ခုဖြစ်ပါတယ်။ Times City ရဲ့ နာမည်ကြီး Piano Bridge အောက်၊ Times Mall ရဲ့ အရှေ့တည့်တည့်၊ Jewellery Mall နဲ့ Office Tower 3 တို့ရဲ့ ကြားမှာ တည်ရှိပါတယ်။ Citywalk Foodies မှာ စားသောက်ဆိုင်ပေါင်း (၂၀) ကျော်ပါဝင်ပြီး လူငယ်တွေအကြိုက် မာလာရှမ်းကော၊ ဝက်သားတုတ်ထိုးတို့အပြင် Milk Tea တွေလည်း ရရှိနိုင်ပါတယ်။
စားသောက်ဆိုင်ပေါင်း (၂၀) ကျော်ပါဝင်တဲ့ Citywalk Foodies မှာ ငွေဘယ်လိုရှင်းကြမလဲ?
Citywalk Foodies ကို ဝင်လိုက်တာနဲ့ ‘Cashier’ counter ကို မြင်တွေ့ရမှာဖြစ်ပြီး ငွေရှင်းတဲ့အဆင့်အထိ အသေးစိတ်ကို အောက်ပါ အဆင့်လေးတွေနဲ့ ရှင်းပြပေးသွားပါမယ်။
အဆင့် (၁) – ငွေရှင်းကဒ် ယူပါ။
Citywalk Foodies ထဲကို ရောက်ပြီ ဆိုပါစို့။
ဝင်လိုက်တာနဲ့ မြင်တွေ့ရမယ့် “Cashier Counter” အကြီးကြီးမှာ Citywalk Foodies ရဲ့ ငွေရှင်းကဒ်ကို တစ်ယောက်လျှင် တစ်ကဒ်နှုန်းနဲ့ ယူပေးရပါမယ်။
အဆင့် (၂) – ကဒ်တွင်းသို့ ငွေဖြည့်ပါ။
ကဒ်ရပြီဆိုရင် လူကြီးမင်း တို့ထည့်သွင်းလိုတဲ့ ငွေပမာဏကို Cashier ကိုပြောပြီး ကဒ်တွင်းသို့ ငွေဖြည့်သွင်းနိုင်ပါတယ်။
အဆင့် (၃) – ကဒ်ကို အသုံးပြုနိုင်ပါပြီ။
ငွေဖြည့်ထားတဲ့ ကဒ်ကို အသုံးပြုပြီး Citywalk Foodies မုန့်ဈေးတန်းအတွင်းရှိကြိုက်နှစ်သက်ရာဆိုင်မှာ စိတ်ကြိုက် စားနိုင်သောက်နိုင်ပါပြီ
စားပြီးသောက်ပြီးလို့ ကဒ်ထဲမှာ ငွေကျန်သေးတယ်ဆိုရင်လည်း Cashier Counter မှာ ပြန်လည်ထုတ်ယူလို့ရသသလို ကိုယ်နဲ့မကွာဆောင်ထားပြီး နောက်တစ်ကြိမ်သုံးဆောင်မယ့်အချိန်မှာ ငွေဖြည့်သွင်းပြီး ပြန်လည်အသုံးပြုလို့ရပါတယ်။


Citywalk Foodies မှာ ငွေရှင်းရတာ လွယ်ကူတယ်မဟုတ်လား?
ငွေရှင်းနည်းလေးသိပြီဆိုရင် အစားအသောက်မျိုးစုံ ရရှိနိုင်တဲ့ Citywalk Foodies မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့အတူ လာရောက်သုံးဆောင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Address
Between Jewellery Mall & Office Tower 3, Ground Floor, Times City.
Contact Phone
(+95) 9-796721111
Citywalk Foodies (Google Map)
အသေးစိတ် သိရှိလိုပါက Citywalk Foodies Official Facebook Page သို့ မေးမြန်းနိုင်ပါတယ်။