Citywalk Foodies Blog

Citywalk Foodies မှာ ငွေဘယ်လိုရှင်းမလဲ? Citywalk Foodies ဆိုတာ Times City မှာ ဖွင့်လှစ်ထားတဲ့ Food Court တစ်ခုဖြစ်ပါတယ်။ Times City ရဲ့ နာမည်ကြီး Piano Bridge အောက်၊ Times Mall ရဲ့ အရှေ့တည့်တည့်၊ Jewellery Mall နဲ့ Office Tower 3 တို့ရဲ့ ကြားမှာ တည်ရှိပါတယ်။ Citywalk Foodies မှာ စားသောက်ဆိုင်ပေါင်း (၂၀) ကျော်ပါဝင်ပြီး လူငယ်တွေအကြိုက် မာလာရှမ်းကော၊ ဝက်သားတုတ်ထိုးတို့အပြင် Milk Tea တွေလည်း ရရှိနိုင်ပါတယ်။ စားသောက်ဆိုင်ပေါင်း (၂၀) ကျော်ပါဝင်တဲ့ Citywalk Foodies မှာ ငွေဘယ်လိုရှင်းကြမလဲ? Citywalk Foodies ကို ဝင်လိုက်တာနဲ့ ‘Cashier’ counter ကို မြင်တွေ့ရမှာဖြစ်ပြီး ငွေရှင်းတဲ့အဆင့်အထိ အသေးစိတ်ကို အောက်ပါ အဆင့်လေးတွေနဲ့ ရှင်းပြပေးသွားပါမယ်။ အဆင့် (၁) – ငွေရှင်းကဒ် ယူပါ။ Citywalk Foodies ထဲကို
Citywalk foodies

July 11, 2020

Citywalk Foodies

Citywalk Foodies အကြောင်း တစေ့တစောင်း Citywalk Foodies ဆိုတာ Strong Source Holding .Ltd ရဲ့ Business Unit တွေထဲကတစ်ခုဖြစ်ပါတယ်။ Citywalk Foodies ကို ဇူလိုင်လ၊ ၅ ရက်၊ ၂၀၂၀ ခုနှစ် မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကိုတော့ Strong Source Holding ရဲ့ Chief Executive Officer ဦးစိုးနိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ Citywalk Foodies ကို ဖွင့်လှစ်လိုက်ခြင်းဟာ Foods & Beverage နယ်ပယ်မှာ အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ထားတဲ့ Strong Source Holding ရဲ့ ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် သမားရိုးကျ Franchise Business တစ်ခုမဟုတ်တော့ဘဲ စားသောက်ဆိုင်ပေါင်းများစွာကို တစ်နေရာတည်းမှာစုစည်းပေးထားပြီး SME လုပ်ငန်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ Business တစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်ရဲ့ Food Court ယဉ်ကျေးမှုတိုးတက်လာတဲ့ လှိုင်းတစ်ခုမှာ Citywalk Foodies ဟာလည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လာနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့စားသောက်ကုန်လုပ်ငန်းတိုးတက်ရေးအတွက် တစ်ဖက်တစ်လှမ်းက ကူညီပေးနိုင်မှာပါ။
Citywalk foodies