King BBQ

Vietnam နိုငျငံ မှာ 2011 ခုနှစ် မှာ စတင်ဖွင့်လှစ်ရောင်းချခဲ့ပြီး အာရှနိုင်ငံတွေအကြား ကိုရီးယားစတိုင်လ် နာမည်ကြီးအကင်ဆိုင်အဖြစ်လည်း သိကြတဲ့အပြင် လက်ရှိ နိုင်ငံအနှံ့အပြား ဆိုင်ခွဲပေါင်း (၁၀၀) ကျော်အထိ ဖွင့်လှစ် ရောင်းချလျှက်ရှိနေပြီး ဖြစ်ပါတယ်။ ဒီလို ကျော်ကြမားထင်ရှားပြီးလူသိများတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ King BBQ ကို ပထမဦးဆုံးသော မြန်မာပြည်ဆိုင်ခွဲအဖြစ် ရန်ကုန်မြို့ရဲ့ ခမ်းနားထည်ဝါသော အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Times City Complex-Jewellery Mall (၅လွှာ) မှာ Strong Source Holding ကနေ ဂုဏ်ယူစွာနဲ့ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ အချက်အပြုတ်နဲ့ Barbecue ပြုလုပ်ရာမှာ နှစ်ပေါင်း (၄၀) ကျော် အတွေ့အကြုံရှိထားတဲ့ စားဖိုမှူးကြီး 𝐌𝐫.𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠 𝐌𝐢𝐧 ရဲ့ စိတ်ပါဝင်စားမှုနဲ့ ဝါသနာအပေါ်အရင်းခံပြီး ဆန်းသစ်တီထွင်မှု လက်ရာများနှင့်အတူ နှစ်ပေါင်းများစွာတိုင်အောင် စားသုံးသူတွေအပေါ် စိတ်ကျေနပ်မှုအကောင်းဆုံး ပေးနိုင်ခဲ့တာကြောင့်လည်း ❝King BBQ Buffet❞ ဆိုပြီး နှစ်ပေါင်းများစွာတိုင်အောင် လူကြိုက်များနေစေခဲ့တာ ဖြစ်ပါတယ်။

BBQ ဆိုတဲ့ အသားကင်တွေကို အရသာစစ်မှန်စွာနဲ့အမျိုးအစားစုံလင်အောင် အဝစားသောက်နိုင်စေမယ့် King BBQ ရဲ့ ဘာနဲ့မှလဲမရတဲ့အရသာတွေက အစားအသောက်ခုံမင်နှစ်သက်သူတိုင်းအတွက်တော့ လာပြီးရင်းထပ်လာချင်နေမယ်ဆိုတာ အာမခံပါတယ်။ King BBQ မှာ ကြက်သား၊ အမဲသား၊ ဝက်သားတွေနဲ့ ပုဇွန်၊ ကင်းမွန်၊ ငါး စတဲ့ ပင်လယ်စာတွေကိုပါမှာယူနိုင်တဲ့အပြင် Korea Bibimbap, Hotpot, Tteok-bokki, Seafood Pancake, Korean Soup တို့ပါဝင်တဲ့ Kingdom Set, King Set, Queen Set ဆိုပြီး Set Menu (3) မျိုးရရှိနိုင်မှာပါ။

ဘာကြောင့် King BBQ ကိုလာသင့်သလဲ?
King BBQ မှာ Korea BBQ တွေနဲ့ စစ်မှန်ပြီးလျှာပေါ်စွဲသွားမယ့်အရသာတွေကို အပြည့်အဝခံစားနိုင်မယ့် ပင်လယ်စာ၊ အသား၊ ကိုရီးယား ရိုးရာ အစားအစာ တွေနဲ့အတူ အထူးလက်ရာတွေဖြစ်တဲ့ ကြိုက်နှစ်သက်ရာ Sauce တွေကိုရွေးချယ်နိုင်မယ့်အပြင် အမျိုးအစား (၁၀၀) ကျော်ရှိတဲ့ Panchan တွေကိုလည်း အခမဲ့ သုံးဆောင်နိုင်ဦးမှာပါ။ အသားကင်တွေစားပြီး ခံတွင်းရှင်းသွားစေမယ့် Juice တွေ၊ Tea တွေ၊ Cocktail တွေနဲ့ Soft Drink တွေကိုလည်း စုံလင်စွာမှာယူနိုင်တဲ့အတွက် ရန်ကုန်မြို့မှာအသားကင်စားရင်းအပန်းဖြေမယ်ဆိုရင် King BBQ က အကောင်းဆုံးဆိုတာ အာမခံပါတယ်။

Address: A. 517-520, 5th Floor, Jewellery Mall (Times City), No. 37, Between Hantharwaddy and Kyun Taw Road, Kamayut Township. Yangon
Daily Open – ⏰11:00AM – ⏰9:00PM
For Reservation
☎️ 09-790 579 111
☎️ 09-790 579 222

အသေးစိတ် သိရှိလိုပါက King BBQ Official Facebook Page တွင် ဝင်ရောက်မေးမြန်းနိုင်ပါတယ်။