NEWS RELEASE

Strong Source Holding Co.,Ltd.1st time Blood Donation.(18.2.2017)

Strong Source Holding Co., Ltd. ၏ ပထမအကြိမ် စုပေါင်း သွေးလှူဒါန်းခြင်း အစီအစဉ်ကို ရန်ကုန် အမျိုးသား သွေးလှူဘဏ်၌ ၁၈.၂.၂၀၁၇ နေ့ နံနက် ၁၀ နာရီမှ ၁၁:၃၀ အထိ ကျင်းပပြုလုပ် ခဲ့ပါသည်။ Strong Source Holding Co.,Ltd.၏ ပထမအကြိမ် စုပေါင်း သွေးလှူဒါန်းခြင်းတွင် ၀န်ထမ်းစုစုပေါင်း အယောက် (၇၀)ကျော်တို့မှ ပါဝင်လှူဒါန်းခဲ့ပြီး ရန်ကုန်အမျိုးသား သွေးဌာန၏ အထွေထွေ ရံပုံငွေ အဖြစ် ငွေကျပ် ၅၀၀,၀၀၀ လှူဒါန်း ခဲ့ပါသည်။ ပါဝင်လှူဒါန်းခဲ့သော ၀န်ထမ်း သွေးလှူရှင် များကိုလည်း ကြက်ဥ (၁၀)လုံး တစ်ကဒ် နှင့် နွားနို့ ၁ လီတာ တစ်ဗူးကို အာဟာရ အတွက် နှင့် သွေးလှူရှင် ၀န်ထမ်းများနားနေ နိုင်ရန်လည်း နေ့တစ်ပိုင်းခွင့် ပေး၍၄င်းတို့ နေထိုင်ရာ နေရာများသို့ ပို့ဆောင်ပေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။