ကြိုတင်ကာကွယ် Covid-19 အန္တရာယ်

“အတူကာကွယ် Covid-19 အန္တရာယ်”


“✌️ကြိုတင်ကာကွယ်ခြင်းသည်✌️ ✌️ကုသမူထက်✌️ ✌️ပိုကောင်း၏✌️” ဆိုတဲ့ ဆိုရိုးလေးအတိုင်း ယခု မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ပြန်လည်ဖြစ်ပွားလာတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်တဲ့ 𝙉𝙤𝙫𝙚𝙡 𝘾𝙤𝙧𝙤𝙣𝙖 𝙑𝙞𝙧𝙪𝙨 (𝐂𝐨𝐯𝐢𝐝-𝟏𝟗) ရဲ့ အန္တရာယ် ကို ကာကွယ်နိုင်စေရန် အတွက် လုပ်ငန်းခွင်မှာရော၊ အပြင်မှာ သွားလာရတဲ့အခါမှာပါ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်လေးတွေကို 𝗦𝘁𝗿𝗼𝗻𝗴 𝗦𝗼𝘂𝗿𝗰𝗲 𝗛𝗼𝗹𝗱𝗶𝗻𝗴 မှ ဝေမျှပေးလိုက်ပါတယ်😇

– လက်ကို မကြာခဏ စင်ကြယ်အောင်ဆေးကြောပါ ⚠️
– ခွန်အားပြည့်ဝတဲ့ အစားအသောက်များ သုံးဆောင်ပါ ⚠️
– Social Distancing နဲ့အညီ နေထိုင်သွားလာပါ ⚠️
– လုံခြုံစိတ်ချရတဲ့ အကွာအဝေးမှာနေရန် မဖြစ်နိုင်ပါက Mask တပ်ပါ ⚠️
– လူထူထပ်တဲ့နေရာသို့သွားတိုင်း Mask တပ်ပါ ⚠️
– ချောင်းဆိုး၊ နှာချေပါက တစ်ရှုးသော်လည်းကောင်း၊ လက်ကိုကွေး၍သော်လည်းကောင်း အသုံးပြုပါ ⚠️
– မလိုအပ်ပဲ မျက်နှာ၊ နှာခေါင်းနှင့် အနီးတစ်ဝိုက်ကို မကိုင်မိပါစေနှင့် ⚠️
– နေထိုင်မကောင်းဖြစ်ပါက အိမ်မှာပဲအနားယူပါ ⚠️
– မိမိတွင် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ 𝐂𝐨𝐯𝐢𝐝-𝟏𝟗 ထိန်းချုပ်ကာကွယ်ရေး ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ကုသပါ⚠️

ဒါ့အပြင် နေ့စဥ်ဖြစ်ပွားလျက်ရှိသော 𝐂𝐨𝐯𝐢𝐝-𝟏𝟗 နှင့်ပက်သက်သည့် သတင်းအချက်အလက်နှင့် ဗဟုသုတများကို သိရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) တို့၏ Facebook စာမျက်နှာနှင့် Website တို့မှတဆင့် အချိန်နဲ့တပြေးညီ လုပ်ဆောင်ပေးလျက် ရှိပြီး 𝗦𝘁𝗿𝗼𝗻𝗴 𝗦𝗼𝘂𝗿𝗰𝗲 𝗛𝗼𝗹𝗱𝗶𝗻𝗴 အနေဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး 𝐂𝐨𝐯𝐢𝐝-𝟏𝟗 အား အတူ တိုက်ထုတ် အနိုင်ယူနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ❤️